တာရာမင်းဝေ က ပုံပြင်အချို.ကို ဘယ်ဘက်လက်ထဲမှာဝှက်ထားလိုက်တယ်။ ကျနော်တို.ကဘယ်ဘက်လက်ထဲမှာဝှက်ထားလိုက် တဲ့ပုံပြင် ကို ရှာကြည့်မယ်.ပြီးရင် ရွှေ.နိုင်တဲ့သူက အဲ့ပုံပြင်ကို ကွန့်ပြီး အင်္ကျအိပ်ထဲပြောင်းကြည့်ကြမယ်လေ။ကောင်းဘူးလား။စရအောင်
၁။နတ်မင်းရီသံ
တစ်ခါက ရွာတစ်ရွာ ၇ဲ့တောစပ်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်တဲ့။အဲ့အောက်မှာ နတ်ကွန်းကြီးလည်းရှိတယ်။ရွာသူရွာသားတွေကလည်းအဲ့နတ်ကွန်းမှာပူဇော်ပသကြပါတယ်။အဲ့ရွာကြီးမှာ မြို.နဲ့ ဆက်သွယ်ဖို.ဖောက်လက်စလမ်းလည်းရှိတယ်တဲ့။ဒါပေမဲ့ လူမညီတော့ လမ်းကလည်း မပြီးဘူးပေါ့။အဲ့လမ်းကိုလည်းမသုံးကြဘူး။နတ်ကွန်းရှေ့က တောလမ်းအတိုင်းပဲ မြို.တွေဆီကို သွားကြလာကြတယ်။
တနေ့မှာ ရွာသားကြီးတစ်ယောက်ဟာ မြို.မှာကျောင်းထားဖို.အတွက် သားလက်ကိုဆွဲပြီး တော လမ်းအတိုင်း တက်လာတယ်။နတ်ကွန်းရှေ့က အဖြတ်မှာ နတ်ကြီးက ထရပ်တယ်။ ဖခင်ဖြစ်တဲ့ ရွာသား ကြီးဟာ
အံ့သြတာနဲ့အမျှ ပီတိလည်းဖြစ်ရတယ်။နတ်ကြီးကတောင် ထပြီးအ၇ိုသေပေးရတယ်ဆိုတော့ အထွတ်အတိပ်ရောက်မဲ့သားပဲပေါ့။
အဲ့လိုနဲ့ မြို.ကကျောင်းမှာ သားကိုထားခဲ့ပြီး မျှော်လင့်ချက်တွေလည်းကြီးမားခဲ့ရတယ်။ဒီလိုနဲ့ နှစ်တွေကြာလာခဲ့တယ်။သားရွာကိုပြန်လာတိုင်း နတ်မင်းက ထရပ် ပေးဆဲပါပဲ။တနေ့တော့ မြို.ကနေ သားရဲ့သီတင်းတစ်ခု ဖခင်ဆီရောက်လာပါလေရော။
'ခင်ဗျားသားတော့ မြို.မှာနာမည်ကျော်နေပြီ' ရွာသားကြီး ၀မ်းသာသွားတာပေါ့။ ' ဟုတ်လား ပြောစမ်းပါဦး ' ပေါ့
'စောရ ကြီးတစ်ယောက်အဖြစ် နာမည်ကျော်နေတာလေ'
'ဘာဗျ'
'ဟုတ်တယ် အခု ဖမ်းမိလို. ထောင်ထဲရောက်နေပြီလေ'
ရွာသားကြီးဟာပေါက်ကွဲ ပြီး မြို.တော်ကို လိုက်သွားပါတယ်။ဟုတ်ပါ့ဗျာ .သူ.သားက အကျဉ်းစံနေရပြီ။
ဝမ်းနည်းပြီးရွာပြန်လာတဲ့ ရွာသားကြီးဟာနတ်ကွန်းရှေ့အရောက် မှာ ပေါက်ကွဲ ပါတော့တယ်။နတ်ကြီး ကို လက်ငြိုးငေါက်ငေါက်ထို.ပြီး၇န်တွေ့ပါတော့တယ်။
'သင်ဟာလူလိမ်လူညာပဲ' နတ်ကြီးက အဲ့အားသင့်ပြီး
' ကျုပ်က နတ်ပဲလေ ဘာလို.လူလိမ်၊လူညာဖြစ်ရမှာလဲ'
'ဒါဆို နတ်လိမ် နတ်ညာပဲ'
'အလို ဘာဖြစ်လို.ပါလိမ့်'
'ကျုပ်သားလာတိုင်း ခင်ဗျားက မပ်တပ်ရပ်ပြီး အ၇ိုအသေပေးတယ်.ကျုပ်သားကပဲ ကြီးမြတ်သူဖြစ်လာမှာ ကျနေတာပဲ။အခုတော့ သူခိုးကြီးဖြစ်သွားပြီဗျ။
'နတ်ကြီးက အော်ရီပါတယ်။
"ဘယ်က ခင်ဗျားသားကို ကျုပ်က အ၇ိုအသေပေးရမှာလဲ။သူက သူခိုးဇာတာပါလို. ကျုပ်နတ်ကွန်းက
ရှိတာလေးကို"မ"သွားမှာဆိုးလို. ထထ ရပ်ကြည့်နေတာဗျ"
"ခင်ဗျားဗျာ ဘာပဲပြောပြော ခင်ဗျားမကောင်းဘူး"
အဲ့ချိန်မှာရွာလူကြီးက သူတို.အနားရောက်လာတယ်။
"ဘာဖြစ်နေတာလဲ"
သူတို.က အကျိုးအကြောင်းရှင်းပြတယ်။ရွာသူကြီးက အသေအချာနားထောင်ပြီးအတော်ကြာအောင်စဉ်းစားတယ်။နောက်မှ နတ်ကြီးကို
"ဒီလိုလုပ်ပါ။နောကfဆို အသင်နတ်မင်းက လူဆိုးလို.တွေ့ရင် လူဆိုးလို.အော်ပေးပါ"
"အို.. အဲ့လိုတော့ ကျုပ်က သူများမကောင်းကြောင်းကိုမပြောချင်ဘူး။ဒီလိုလုပ်မယ်။
လူဆိုးတွေ့ရင်ဘာမှမအော်ဘူး။လူကောင်းတွေ့ရင်လူကောင်းပါလို.အော်ပေးမယ်၊
ဟုတ်ပလား"
"အင်းအဲ ... ဟိုကောင်းပြီလေ"
သူကြီးအိမ်မှာနောက်တစ်နေ့အစည်းအဝေးလုပ်တော့ သူကြီးက ရွာသားတွေကို
အဲ့ဒီအကြောင်းတဆင့်ပြန်ရှင်းပြတယ်။၇ွာသားတွေက အင်းမလုပ်အဲ့မလုပ်ပဲ။
"ငါပြောတာကို ကြားကြလား"
"ကြားပါတယ်"
အစည်းအဝေးပြီးချိန်မှာ ရွာသားတွေမျက်နှာမအီမသာနဲ့ပြန်သွားတယ်။
အံ့သြစရာကောင်းတဲ့အဖြစ်အပျက်ကို နောက့်နေ့မှာ ကြုံရတော့တာပါပဲ။နှစ်ပေါင်းများစွာ
ပစ်ထားတဲ့လမ်းဟောင်းကြီးကို ပြုပြင်ပြီး ရွာသားတွေ စုပေါင်းဖောက်လုပ်ကြတယ်။တောလမ်းအတိုင်း နတ်ကွန်းကြီးရှေ့ကဖြတ်သွားဖို. အလုပ်ကို ဘယ်သူမှမလုပ်တော့ဘူး
မြို.သွားလမ်းကြီးပြီးသွားတယ်။အဲ့ဒီလမ်းမအတိုင်းပဲသွားကြတယ်။နတ်ကွန်းရှေ့ကဘယ်သူမှမဖြတ်တော့ဘူး
နတ်ကြီးလည်းနားလည်ရခက်သွားတယ်။
"လူကောင်းကို လူကောင်းလို.အော်ပေးပါမယ်ပြောတာ ဘာကိစ္စ ငါ့ရှေ့က မဖြတ်ရဲကြတာလဲ"
"ဘာဖြစ်လို.လဲ"
"ဘာကြောင့်လဲ"
နတ်ကြီးစဉ်းစားပါတယ်။နေ့ရက်အတန်ကြာပြီးတော့မှ
"ဟားဟားဟားဟား"
နတ်ကြီးထရယ်ပါတယ်။အူလှိုက်သည်းလှိုက်ကိုရီတာပါ။
"ဟားဟားဟားဟားဟား"
ဘာတွေသဘောပေါက်ပြီး နတ်ကြီးထရယ်တာလဲ မသဲကွဲပါဘူး။ဒါပေမဲ့ အချို.လူတွေရဲ့နားထဲမှာတော့ အ့ဒီနတ်မင်းရီသံကို ဒီနေ့ထိနားထဲစွဲနေတုန်းပဲလို.သိရပါတယ်။
ကဲ ပုံပြင်လေးကတော့ဒါပါပဲ.နတ်ကြီးဘာလို.ရီတာလဲဆိုတာ သယ်ချင်းတို.ပြောပြပါဦးသိရင် ။:D